Back to Tech
 

Flash vps ကို အရင်ဆုံး အနေနဲ့ upgrade လုပ်ပြီးတော့ marzban official script , essl , custom templates ကို အရင်သွင်းပါမယ်။

VPS termianl မှာ အောက်ပါ commend များကို run ပါ

sudo apt update && sudo apt upgrade -y

vps upgrade လုပ်ပြီးရင် marzban အတွက်လိုအပ်တာတွေသွင်းပါမယ်

bash -c "$(curl -sL https://github.com/Gozargah/Marzban-scripts/raw/master/marzban.sh)" @ install

ပြီးရင် Ctrl+C နှိပ်ပေးပါ


essl ဆက်သွင်းပါမယ်

sudo bash -c "$(curl -sL https://raw.githubusercontent.com/erfjab/ESSL/master/essl.sh)" @ --install

ပြီးရင် Template ကို တန်းသွင်းလိုက်ပါ့မယ်

sudo wget -N -P /var/lib/marzban/templates/subscription/ https://raw.githubusercontent.com/samimifar/marzban-template/master/src/en/index.html

domain အလုပ်လုပ်ဖို့ အတွက် ssl certificate လုပ်ပါမယ်

essl youremail@com yourdomain.com marzban

youremail@com နေရာမှာ မိမိ mail ထဲ့ ပါ example kshinfo@gmail.com yourdomain.com နေရာမှာ vps ip ကို point လုပ်ထားတဲ့ မိမိ domain (backup လုပ်မယ့် vps အဟောင်းမှာ သုံးခဲ့တဲ့ domain ကို အသုံးပြုဖို့လိုအပ်ပါတယ်) ထဲ့ပါ။

vps အသစ်မှာ အပေါ်က marzban နဲ့ ပါတ်သက်တာတွေ run ပြီးရင် vps အဟောင်းမှ marzban ကို backup ယူပါမယ်

vps အဟောင်းမှာ marzban server ကို ရပ်ပါမယ် Terminal မှာ marzban down ကို ရိုက်ပြီး ရပ်ပါ

 

ပြီးရင် vps ထဲက marzban ကို sftp mode ကို အသုံးပြုပြီး local မှာ download လုပ်ပြီး backup ယူပါမယ်


vps ကို sftp နဲ့ ဝင်ပြီးရင် opt  folder ထဲကို ဝင်ပါ ပြီးရင် marzban folder ကို download လုပ်ပြီး local မှာ backup ယူပါ


opt/marzban folder အောက်မှာ .env file နဲ့ docker-compose.yml file နှစ်ခုပါရပါမယ်။
နောက်ထပ် အနေနဲ့ var folder - ilb folder အောက်က marzban folder ကိုလည့်း download ဆွဲ ယူထားပါ။


var/ilb/marzban folder အောက်မှာ certs folder, templates folder, db.sqlite3 file, xray-config.json file တို့ရှိရပါမယ်။


certs folder အောက်မှာ မိမိ domain name နဲ့ folder ထပ်ရှိရပါမယ်။ မိမိ domain name folder အောက်မှာ fullchain.pem file နဲ့ privkey.pem file ဆိုပြီးနှစ်ခုပါရှိရပါမယ်။templates folder အောက်မှာ subscription folder ထပ်ရှိရပါမယ်။ အဲဒီအောက်မှာမှ index.html file ပါရှိရပါမယ်။

marzban နဲ့ ပါတ်သက်တဲ့ folder တွေကို download လုပ် backup လုပ်ပြီးရင် marzban နဲ့ ပါတ်သက်တဲ့ script တွေ run ပြီးသား vps အသစ်မှာ restore ပြန်လုပ်ပါမယ်။

vps အသစ်မှာလဲ sftp mode ကို သုံးပြီး floder တွေမြင်ရတဲ့ ပုံစံ နဲ့ vps ကို ဖွင့် ပါမယ်။


vps အသစ်ရဲ့ opt/marzban folder ကို vps အဟောင်းက download လုပ်ထားတဲ့ marzban folder နဲ့ upload လုပ်ပြီး အစားထိုးပါ။
vps အသစ်ရဲ့ var/ilb/marzban folder ကို vps အဟောင်းက download လုပ်ထားတဲ့ marzban folder နဲ့ upload လုပ်ပြီး အစားထိုးပါ။
အားလုံး အစားထိုးပြီးရင် vps ကို ssh နဲ့ ဝင်ပြီး terminal ကို ဖွင့်ပါ ပြီးရင် marzban restart ကို ရိုက်ပေးပါ ပြီးလျှင် vps အဟောင်းကနေ ထုတ်ထားတဲ့ subscription link တွေကို အသုံးပြုပြီး vpn connect ဖြစ်မဖြစ်စမ်းကြည့်ပါ connect ဖြစ်တာကို တွေ့ရပြီး vps အဟောင်း မှ အသစ်ကို marzban server panel ကို backup restore လုပ်တာ အောင်မြင်စွာပြီးသွားပါပြီ


marzban panel နဲ့ telegram bot လဲ အရင်လို ပြန်အလုပ်လုပ်နေတာ တွေ့ရပါမယ်။

Back to Tech